Thursday, June 27, 2013

အမေ ပြောဖူးတဲ့ ပုံပြင် ကလေး

ယနေ့ မျိုးစောင့် ဥပဒေနဲ့ပတ်လို့ facebook ကသူငယ်ချင်းတွေ အထူးအားဖြင့် အမျိုးသမီးတွေ ပွစိပွစိ ဖြစ်နေတာ ဖတ်ရတော့ ငယ်ငယ်က အမေပြောဖူးတဲ့ ပုံပြင်ကလေးကို သတိရမိတယ်။  ဟို.. ရှေးရှေးတုန်းက ရွာတစ်ရွာမှာ လိမ္မာယဉ်ကျေးတဲ့ မိသားစုလေးတစ်ခုရှိခဲ့တယ်။ အဲဒီမိသားစုလေးမှာ ဘားပဲလုပ်လုပ် အားလုံး စိတ်တူ ကိုယ်တူ ညီညီညွတ်ညွတ်လုပ်ကြတဲ့။ တစ်ခုသော ဆောင်းတွင်းမှာ သူတို့မိသားစုလေး အိမ်ဝိုင်းထဲမှာ ဖိုကာ မီးလှုံကြတယ်။  မီးလှုံတာကတော့ ၊ အေးလွန်းတဲ့ ဆောင်းရာသီ တောရွာဓလေ့ဖြစ်ပါတယ်။ မိသားစု အတူ မီးလှုံချိန်မှာ အဖေရယ်၊အမေရယ်၊သားရယ်၊သမီးရယ် အတူ မိလှုံနေတာ ဆိုတော့ တစ်ဖက်မှာ မီးလှုံနေတဲ့ သမီးက အောက်စလွတ်နေသတဲ့၊ သမီးဖြစ်သူကလည်း အမှတ်တမဲ့ဖြစ်နေမှာပေါ့ ။  ဒါကို အဖေဖြစ်သူက သမီးအောက်စလွတ်နေတယ်လို့ ပြောရင် ရှက်သွားမှာစိုးလို့၊ အဖေက စပြီးစကားဆိုလိုက်တယ်။ “ကဲ..ကဲ.. မီးလှုံနေတဲ့ ငါ့တို့မိသားစု ခုအချိန်ကစပြီး ပြင်ထိုင်ကြအောင်” လို့ ဆိုလိုက်တယ်။  ဒီတော့ နမော်နမဲ့ နိုင်တဲ့ သမီးက စောဒကတတ်လိုက်တယ်။ “အားလုံး ပြင်ထိုင်တဲ့ အထဲမှာ သမီးကော ပါသလား” လို့ပြန်မေးသတဲ့ ။  ဒီတော့ အဖေဖြစ်သူ စိတ်ဆိုးမာန်ဆိုးနဲ့ “ အိမ်း… ပြင်ထိုင်ရမယ့်အထဲမှာ သမီးက အဓိက” လို့ဆိုသလိုက်သတဲ့။  စာရေးသူတွေးမိကတော့ ..ဒီပုံပြင်ထဲကအတိုင်းပဲ ၊ အောက်စလွတ်နေတဲ့ သမီးတွေကို အဖေဖြစ်သူက ပြင်ထိုင်ခိုင်းချင်လို့ မျိုးစောင့် ဥပဒေများ ထုတ်သလားမသိဟု ၊အဝေးမှ နေ၍ တွေးတောမိပါကြောင်း။  စာကြွင်း။ ။ မြန်မာနိုင်ငံမှာ အမျိုးသမီးများအတွက် ဘယ်လောက်အကာအကွယ် ပေးနိုင်တဲ့ ဥပဒေများ ရှိသလဲဆိုတာ ၊ စာရေးသူကိုယ် မသိရသေးပေမယ့် စာရေးသူနေထိုင်တဲ့ နိုင်ငံမှာတော့ အမျိုးသမီးတွေကိုကာကွယ်ပေတဲ့ ဥပဒေတွေတော်တော် များများရှိတယ်။ လင်မယားချင်းတောင် ၊ မိန်းမဖြစ်သူက စိတ်မပါရင် .. ဖုန်းဆက်ကာ ရဲခေါ်လို့ရပါတယ်။ ယုတ်စွ.. ရထားဂိတ်၊ကားဂိတ်တွေမှာ မိန်းကလေးများ မနှောက်ယှက်နိုင်ရန်၊ အကူအညီရယူဖို့ ဆက်သွယ်ရန် ဖုန်းနံပါတ်များကို ရေးထားပါတယ်။ စာရေးသူ ညကျောင်းတက်စဉ်က .. မိန်းကလေးများ ၊ ဘက်စကာမှတ်တိုင် မရောက်သော်လည်း သူဆင်းချင်တဲ့ နေရာမှ ဆင်းလို့ရပါတယ်၊ ယောကျာ်းလေးများမရပါ။ ထို့ကြောင့် ဥပဒေဆိုတာ ကာကွယ်ဖို့သာဖြစ်ပါတယ်။  Burmese Buddhist Society, BC
                 
ယနေ့ မျိုးစောင့် ဥပဒေနဲ့ပတ်လို့ facebook ကသူငယ်ချင်းတွေ အထူးအားဖြင့် အမျိုးသမီးတွေ ပွစိပွစိ ဖြစ်နေတာ ဖတ်ရတော့ ငယ်ငယ်က အမေပြောဖူးတဲ့ ပုံပြင်ကလေးကို သတိရမိတယ်။

ဟို.. ရှေးရှေးတုန်းက ရွာတစ်ရွာမှာ လိမ္မာယဉ်ကျေးတဲ့ မိသားစုလေးတစ်ခုရှိခဲ့တယ်။ အဲဒီ မိသားစုလေးမှာ ဘာပဲလုပ်လုပ် အားလုံး စိတ်တူ ကိုယ်တူ ညီညီညွတ်ညွတ်လုပ်ကြတယ်။

တစ်ခုသော ဆောင်းတွင်းမှာ သူတို့မိသားစုလေး အိမ်ဝိုင်းထဲမှာ မီးဖိုကာ မီးလှုံကြတယ်။

မီးလှုံတာကတော့ ၊ အေးလွန်းတဲ့ ဆောင်းရာသီ တောရွာဓလေ့ဖြစ်ပါတယ်။ မိသားစု အတူ မီးလှုံချိန်မှာ အဖေရယ်၊အမေရယ်၊သားရယ်၊သမီးရယ် အတူ မိလှုံနေတာ ဆိုတော့ တစ်ဖက်မှာ မီးလှုံနေတဲ့ သမီးက အောက်စလွတ်နေသတဲ့၊ သမီးဖြစ်သူကလည်း အမှတ်တမဲ့ဖြစ်နေမှာပေါ့ ။


စင်ကာပူ { ၀ါ } မြို့ပြေ၇ာဂါ { ကဗျာ }

စင်ကာပူ (ဝါ) မြို့ပြရောဂါ.   အသပြာတခုရဲ့ အရသာကိုစားသုံးရင်း ကျန်တဲ့အရသာတွေက လုံးပါးပါးကုန်တယ်...မေမေ..  တခါတလေကျတော့ ပျော်ရွှင်မှုဆိုတဲ့စကားလုံး နွေးထွေးမှုဆိုတဲ့စကားလုံး အေးချမ်းမှုဆိုတဲ့စကားလုံး တနိုင်ငံလုံးလှည့်ပတ်ပြီးတော့ ကျနော်ရှာကြည့်မိတယ်..  ဒါပေမဲ့ ရှာမတွေ့ဘူး.~~~  အခုခေတ်မှာ မြို့ပြဆိုတဲ့စကားလုံးက ဝံပုလွေရေခြုံထားတဲ့ သိုးတကောင်ရဲ့မျက်နှာဖုံးနဲ့တူတယ်  ဘာဖြစ်လို့လဲဆိုတော့ သူတို့ဆီမှာ သစ္စာတရားဆိုတာ အရေခြုံထားရုံ သက်သက်မလို့  တခါတလေကျတော့လည်း ကျနော်စဉ်းစားကြည့်မိပါတယ် စမ်းရေမရှိ ပင်လယ်ရေပြင်နဲ့ပဲထိစပ်နေတာကြောင့်များ ဒီနိုင်ငံက လူတွေရဲ့စိတ်ဓာတ်အေးချမ်းမှုမရှိတာလား...လို့  အခုတော့လည်း..မေမေရယ် ကျနော်ကိုယ်တိုင် ပင်လယ်ရေနဲ့အသားကျ စိတ်ဓာတ်တွေမငံမိအောင် မ..နဲ..ကြိုး..စားနေ..ရတယ်   အသပြာတခုကြောင့် ပျောက်ဆုံးနေရတဲ့အရာတွေအများကြီးပါ..။ တချို့တွေအသပြာနောက်လိုက်ရင်း မိသားစုတွေပျောက်ဆုံးနေတယ်..၊  သစ္စာတရားတွေပျောက်ဆုံးတယ် ၊  ချစ်ခြင်းတွေပျောက်ဆုံးတယ် အေးချမ်းမှုတွေပျောက်ဆုံးတယ်. အိမ်ထောင်ရေးတွေပျောက်ဆုံးတယ်.. လူမသိသူမသိဒီပြင်ပျောက်ဆုံးနေတာတွေအများကြီး.. တကယ်တော့ကျနော်တို့တွေက အမဲလိုက်နေတဲ့မုဆိုးတွေနဲ့တူတယ် သားကောင်ကိုလိုက်ရင်းနဲ့ပဲတောထဲမှာအချိန်ကုန်ပြီး  အိမ်ပြန်လမ်းပျောက်နေတဲ့အသပြာမုဆိုးတွေပါပဲ..  ခင်မင်လျက် ကောင်မလေးရဲ့ကောင်ကလေး  by: Kgmalay Yat KgkaLayy
အသပြာတခုရဲ့
အရသာကိုစားသုံးရင်း ကျန်တဲ့အရသာတွေက
လုံးပါးပါးကုန်တယ်...မေမေ..


တခါတလေကျတော့
ပျော်ရွှင်မှုဆိုတဲ့စကားလုံး
နွေးထွေးမှုဆိုတဲ့စကားလုံး
အေးချမ်းမှုဆိုတဲ့စကားလုံး
တနိုင်ငံလုံးလှည့်ပတ်ပြီးတော့
ကျနော်ရှာကြည့်မိတယ်..

ဒါပေမဲ့
ရှာမတွေ့ဘူး.~~~

အခုခေတ်မှာ
မြို့ပြဆိုတဲ့စကားလုံးက
ဝံပုလွေရေခြုံထားတဲ့
သိုးတကောင်ရဲ့မျက်နှာဖုံးနဲ့တူတယ် ၊



Wednesday, June 26, 2013

စံပယ်ဖြူ အိမ်မက် { ကဗျာ }

Photo: "စံပယ်ဖြူအိပ်မက်"   လှိုင်းခတ်သံ ဂီတ... ချိုမြမပီပြင်၊ သည်ရင်မှာ ကြယ်ပြာ...လပြာ...ကောင်းကင်ပြာ... ရောင်လွှာမြူးပြက်၊ လျှပ်လက်သလို အို...လှလိုက်တာ။   သဲသောင်ခုံလား၊ ရေစွယ်လားလေ ခြေသံဖွဖွ၊ ကြားနေရပေါ့ မွှေးမြသန့်စင်၊ အာရုံမြင်ရနံ့ သင်းပျံ့နေဆဲ၊ ရင်ထဲမှာ...။   စကားတိုးတိုး၊ မြူခိုးဝေဝေ စံပယ်ရေ...စံပယ်ဖြူ... ဘယ်သူများလဲ၊ မေးလိုက်ဆဲမှာ သဲသဲလှုပ်လှုပ်၊ ငှက်တစ်အုပ်... ရုတ်ခြည်းပျံပြေး၊ ဟိုးအဝေးကို။   သည်အိပ်မက်မှ၊ မောင်နိုးထလည်း တမ်းတတပ်မက်၊ ရုန်းမထွက်ချင် သက်ဦးမြတ်မွန်၊ ရွာလွန်ရွက်တိုက် ပြေးလိုက်ရှာဖွေ...။   စံပယ်ရေ...စံပယ်ဖြူ ဘယ်သူများလဲ၊ ဘယ်မှာလဲကွယ် ရင်ထဲမေးမိဆဲပါမေ။                             လင်းထက်                           ရှုမဝမဂ္ဂဇင်း                        ၁၉၈၂၊ ဒီဇင်ဘာ  (အစိမ်းရင့်ရောင်ရက်စွဲများ၊ ထူးအိမ်သင်ကွယ်လွန်ခြင်းအမှတ်တရ)  admin : ရွှေဖီး

  
လှိုင်းခတ်သံ ဂီတ...
ချိုမြမပီပြင်၊ သည်ရင်မှာ
ကြယ်ပြာ...လပြာ...ကောင်းကင်ပြာ...
ရောင်လွှာမြူးပြက်၊ လျှပ်လက်သလို
အို...လှလိုက်တာ။


သဲသောင်ခုံလား၊ ရေစွယ်လားလေ
ခြေသံဖွဖွ၊ ကြားနေရပေါ့
မွှေးမြသန့်စင်၊ အာရုံမြင်ရနံ့
သင်းပျံ့နေဆဲ၊ ရင်ထဲမှာ...။


ဘေဂျင်း 2008


ဘေဂျင်း ၂၀၀၈  =========  တရုတ်-ကနေဒါ ကပြားဖြစ်တဲ့ ပန်းချီဆရာ လီရိ ရေးဆွဲထားတဲ့ ဘေဂျင်း ၂၀၀၈ ဆိုတဲ့ ပန်းချီကားဟာ အတွေးပေါင်းများစွာကို လှူပ်နှိုးပေးနိုင်စွမ်းပါတယ်။  ပုံထဲမှာ ကျောကိုဆေးမင်ကြောင်ချယ်ထားတဲ့ အမျိုးသမီးလေးဟာ တရုတ်ပြည်ကို ကိုယ်စားပြုပြီး ဘယ်ဘက်က ကစားဝိုင်းကို အာရုံစူးစိုက်နေသူလေးကတော့ ဂျပန်ပါတဲ့။ ည၀တ်အကျီင်္နဲ့ ခေါင်းကို နောက်လှန်ထားသူကတော့ အမေရိကန်မယ်လေးဖြစ်ပြီး ကြမ်းပေါ်မှာလဲလျောင်းနေတာကတော့ ရုရှားမိန်းကလေးဖြစ်ပါတယ်။ ဘေးနားမှာရပ်ကြည့်နေတဲ့ကလေးမလေးကတော့ ထိုင်ဝမ်သူလေးပါ။  ဘေဂျင်း ၂၀၀၈ ပန်းချီကားဟာ အနောက်တိုင်းနဲ့ အင်တာနက်ပေါ်မှာ အကြိတ်အနယ်ဆွေးနွေးရတဲ့ အကြောင်းအရာတစ်ခု ဖြစ်ခဲ့ပါတယ်။ မိန်းမ ၄ ယောက် မာဂျောင်ကစားနေတဲ့ပုံဟာ လျို့ဝှက်အဓိပ္ပါယ်မျိုးစုံနဲ့ ပြည့်နှက်နေတဲ့အပြင် နာမည်ကိုက ဘေဂျင်း ၂၀၀၈ ပါတဲ့။  တရုတ်ရဲ့ ခေါင်းစဉ်ကိုက အရှေ့လေ လို့ နှစ်ခွအဓိပ္ပါယ်ရနေပါတယ်။ တစ်ခုက တရုတ်ပြည်ရဲ့ ကမ္ဘာ့အင်အားပြိုင်ဘက်အဆင့်ကို ဖော်ပြပြီး နောက်တစ်ခုကတော့ တရုတ်ရဲ့ စစ်အင်အားနဲ့ လက်နက်အင်အားတို့ဟာ စားပွဲပေါ်မှာ အဆင်သင့်ရောက်နေပြီလို့ ပြသထားပါတယ်။ တစ်ဖက်မှာတော့ တရုတ်ဟာ နေရာကောင်းရထားသလိုလိုရှိနေပေမဲ့လည်း မိန်းကလေးရဲ့ တစ်ခြားလက်တစ်ဖက်ကို မြင်ခွင့်မရပါဘူး။ ဒါ့အပြင် မိန်းကလေးဟာ နောက်လက်တစ်ဖက်ကလည်း စားပွဲအောက်မှာ ၀ှက်ကစားနေပါသေးတယ်။  အမေရိကန်သူလေးကတော့ သိပ်ကိုယုံကြည်မှုရှိတဲ့ပုံစံလေးနဲ့ပါ။ ထိုင်ဝမ်သူလေးကို လှမ်းကြည့်အကဲခတ်နေပြီး မျက်နှာရိပ် မျက်နှာကဲ ပြနေပုံပေါ်ပါတယ်။ ရုရှားမယ်ကတော့ ကစားပွဲကို စိတ်မ၀င်စားချင်ယောင်ဆောင်နေပေမယ့် တကယ်တမ်းမှာ ခြေတစ်ဖက်က အမေရိကန်ကို ချိတ်လို့ လက်တစ်ဖက်ကတော့ တရုတ်ကို ကမ်းလျှက်ရှိနေပါတယ်။ နိုင်ငံနှစ်ခုလုံးနဲ့ တိတ်တဆိတ် အကျိုးစီးပွားဖလှယ်လေ့ရှိတဲ့သဘောပါ။  ဂျပန်ကတော့ အင်တိုက်အားတိုက်ကို သူ့အကျိုးစီးပွားတွေကို အာရုံပြုနေပြီး တခြားသူတွေကို ဂရုမပြုပါဘူး။  ထိုင်ဝမ်သူလေးက ရိုးရာအင်္ကျီနီလေးကို ၀တ်ဆင်ထားပြီး သူဟာ တရုတ်ရဲ့ ယဉ်ကျေးမှု အမွေဆက်ခံသူဖြစ်ကြောင်း ပြသနေပါတယ်။ သူ့လက်ထဲမှာ သစ်သီးပန်းကန်ကိုကိုင်လို့ လက်တဖက်မှာတော့ ဓါးတစ်ချောင်းနဲ့ပါ။ သူဟာ တရုတ်ကို ကြေကွဲနာကျင်တဲ့ အမုန်းတွေနဲ့ စိုက်ကြည့်နေပြီး ကစားပွဲမှာ ဘယ်သူပဲနိုင်နိုင် သစ်သီးတွေကို ကျွေးဖို့စောင့်နေရပါတယ်။  အပြင်ဘက်မှာတော့ မြစ်ရေပြင်ဟာ လေထန်နေပြီး မုန်တိုင်းကျတော့မဲ့ အခြေအနေမျိုးမို့ ဒါဟာ တိုင်းပြည်နှစ်ခုကြားက တင်းမာပေါက်ကွဲလုလုအနေအထားကို ပြဆိုပါတယ်။ နံရံမှာ ချိတ်ဆွဲထားတဲ့ ပန်းချီကားကလဲ သိပ်ကို အဓိပ္ပါယ်ရှိတာပါ။ မာအိုရဲ့ မျက်နှာ၊ ချန်ကေရှိတ်ရဲ့ နဖူးပြောင်နဲ့ ဆွန်ယက်ဆင်ရဲ့ မုတ်ဆိတ်တို့ကို ပေါင်းစပ်ရေးဆွဲထားပါတယ်။  မိန်းကလေး ၄ ယောက်ရဲ့ အ၀တ်အစားအနေအထားဟာ တိုင်းပြည်တစ်ခုစီရဲ့ စီးပွားရေးကို ပြဆိုပါတယ်။ တရုတ်ဟာ အပေါ်ပိုင်းဗလာပေမယ့် အောက်ပိုင်းမှာတော့ စကတ်နဲ့ အတွင်းခံကို ၀တ်ဆင်ထားပါတယ်။ အမေရိကန်ကတော့ ဘရာစီယာနဲ့ အပေါ်ရုံအကျီင်္ကိုဝတ်ထားပေမဲ့လည်း အောက်ပိုင်းဗလာဖြစ်နေပြန်ပါတယ်။ ရုရှားကတော့ အတွင်းခံဘောင်းဘီလေးသာကျန်ပြီး ဂျပန်ကတော့ လုံးတီးနဲ့ပါ။  ရုတ်တရက်ကြည့်လိုက်ရင် အမေရိကန်က အခြေအနေအကောင်းဆုံးလို့ထင်ရပြီး တောက်ပြောင်နေပေမယ့် အထိအရှမခံနိုင်ဆုံး အပိုင်းဟာ ရှင်းရှင်းကြီးပေါ်နေပါပြီ။ တရုတ်နဲ့ ရုရှားဟာ အ၀တ်မပါဘူးဆိုပေမဲ့လည်း လုံရမယ့်အပိုင်းတွေကို လုံအောင်ဖုံးထားနိုင်စွမ်းရှိနေပါသေးတယ်။  တကယ်လို့များ ဒီကစားပွဲအပြီးမှာ ကျန်သမျှကိုသာ ချွတ်ကြရကြေးဆိုရင် တရုတ်ရှူံးခဲ့ရင် ရုရှားနဲ့တူပါတော့မယ်။ ( ဒါဟာ ရုရှားပြိုကွဲခြင်းကို ညွှန်းပါတယ်။ ) အမေရိကန် ရှူံးခဲ့ရင်လဲ ရုရှားနဲ့ပဲ တူပြန်မှာပါပဲ။ တကယ်လို့ ရုရှားရှူံးရင်တော့ အားလုံးရှူံးပြီး ဂျပန်ကတော့ နဂိုကထဲက ဘာမှမကျန်တော့တာပါ။  ရုရှားဟာ အိမ်ဖြည့်ရုံဝင်ကစားနေတယ်ထင်ရပေမယ့် တကယ်တော့ တရုတ်နဲ့ပေါင်းပြီး လိမ်ကစားနေပါတယ်။ တကယ်အိမ်ဖြည့်နေရသူကတော့ ဂျပန်ပါ။ ဒီတစ်ခါရှူံးရင်တော့ ဂျပန်ဟာ ကစားဝိုင်းကထွက်ရပါတော့မယ်။  အမေရိကန်ဟာ အကောင်းဆုံးဖြစ်နေတယ်ဆိုပေမယ့် အန္တရာယ်တွေဝိုင်းလို့ပါ။ ဒီတစ်ချီရှူံးရင် ကမ္ဘာ့အင်အားကြီးအနေအထားကို စွန့်လွှတ်ရပါမယ်။ ရုရှားကတော့ နှစ်ဖက်ကစားနေပြီး တရုတ်လွတ်လပ်ခါစ အနေအထားမျိုးဖြစ်နေပါတယ်။ အဲဒီတုန်းက တရုတ်ဟာ ရှင်သန်ရပ်တည်ရေးအတွက် ရုရှားကိုမှီခိုပြီးနောက် အမေရိကန်ကို မှီခိုခဲ့ရပါတယ်။  တရုတ်ရဲ့ မာဂျောင်အတုံးကလေးတော်တော်များများကို မြင်ခွင့်မရတာဟာ တရုတ်မှာ လျို့ဝှက်ဖုံးကွယ်ထားတဲ့ ရည်မှန်းချက်အတော်များများရှိလိမ့်မယ်လို့ ပြဆိုပါတယ်။  ဒါ့အပြင် တရုတ်ဟာ ရုရှားနဲ့ တိတ်တိတ်ဖလှယ်နေပြီး အမေရိကန်ကတော့ ထိုင်ဝမ်သူလေးရဲ့ ပုံစံကနေသာ မှန်းဆနေရပါတယ်။ ဂျပန်ကတော့ သူ့ကိုယ်သူကလွဲလို့ ဘယ်အရာမှ စိတ်မ၀င်စားပါ။  ထိုင်ဝမ်ကလေးမကတော့ ကစားပွဲကို အေးစက်စက်နဲ့ကြည့်နေပါတယ်။ ကစားသမား ၄ ယောက်လုံး ဘာလုပ်နေသလဲလို့ ကောင်းကောင်းမြင်နိုင်ပြီး ဘာတွေဆက်ဖြစ်မလဲလို့ နားလည်ထားပါတယ်။ ဒါပေမဲ့လည်း ကစားပွဲကို ၀င်ခွင့်လုံးဝမရှိတဲ့အပြင် စကားတောင်ပြောခွင့်မရပါဘူး။ သူ့မှာ ပြောစရာ၊ အပြစ်တင်စရာအတော်များများရှိတာတောင်မှ ဘယ်သူ့ကိုမှ ပြောခွင့်မရပါဘူး။ သူလုပ်နိုင်သမျှကတော့ လိမ္မာတဲ့မိန်းကလေးလို နေပြပြီး အောင်နိုင်သူကို သစ်သီးဆက်ဖို့ပါပဲ။  နောက်ဆုံးဘယ်သူနိုင်မလဲဆိုတာ တရုတ်နဲ့ အမေရိကန်ကြားမှာပဲ ရှိနေတာထင်ရှားလှပါတယ်။ အနီးကပ်ထပ်ကြည့်ရင်တော့ အမေရိကန်က ကစားအားရှိနေသေးပေမဲ့ ကစားနေတာက တရုတ်မာဂျောင်ပါ။ အနောက်တိုင်းပိုကာ ကစားနည်းမဟုတ်ပါဘူး။ တရုတ်ရဲ့ ကစားပွဲစည်းမျဉ်းတွေနဲ့ ကစားနေပြီးတဲ့နောက် အမေရိကန်နိုင်ဖို့ အခွင့်အလမ်း ဘယ်လောက်များရှိနိုင်ပါ့မလဲ။  https://www.facebook.com/photo.php?fbid=10201226379598323&set=a.10200777047805309.1073741828.1136199939&type=1&theater&notif_t=mentions_comment
                      ဘေဂျင်း 2008        

တရုတ်-ကနေဒါ ကပြားဖြစ်တဲ့ ပန်းချီဆရာ လီရိ ရေးဆွဲထားတဲ့ ဘေဂျင်း ၂၀၀၈ ဆိုတဲ့ ပန်းချီကားဟာ အတွေးပေါင်းများစွာကို လှူပ်နှိုးပေးနိုင်စွမ်းပါတယ်။


ပုံထဲမှာ ကျောကိုဆေးမင်ကြောင်ချယ်ထားတဲ့ အမျိုးသမီးလေးဟာ တရုတ်ပြည်ကို ကိုယ်စားပြုပြီး ဘယ်ဘက်က ကစားဝိုင်းကို အာရုံစူးစိုက်နေသူလေးကတော့ ဂျပန်ပါတဲ့။ 


ည၀တ်အကျီင်္နဲ့ ခေါင်းကို နောက်လှန်ထားသူကတော့ အမေရိကန်မယ်လေးဖြစ်ပြီး ကြမ်းပေါ် မှာလဲလျောင်းနေတာကတော့ ရုရှား မိန်းကလေးဖြစ်ပါတယ်။ ဘေးနားမှာ ရပ်ကြည့်နေ တဲ့ ကလေးမလေး ကတော့ ထိုင်ဝမ် သူလေးပါ။

Tuesday, June 25, 2013

သမ္မတ၇ူး ၇ူးသွပ်ခြင်း

        သမ္မတရူး ရူးသွပ်ခြင်း  ...............................  ပြည်ပြေးပြီး အမေရိကား မှာ နေရတာ ဘာမှ အကျိုး မဖြစ်လို့ မြန်မာပြည်ပြန် ပြီး သမ္မတ လုပ်ရင် ကောင်းမလား စဉ်းစားမိတယ်။  မြန်မာပြည်ပြန်မယ်၊ ရောက်တာနဲ့ မိုးသီး လို ဗိုက်ပူကား ခေါင်မိုးပေါ်တက်ပြီး (စင်မရှိလို့) မင်္ဂလာပါ၊ ကျွန်တော်ပြန်လာပါပြီ၊ ဆိုပြီး ပြည်သူတွေ ကို နုတ်ဆက်မယ်၊ ပြီးတော့ “ တိုက်ရ မယ်ဆိုရင် ကျုပ်တို့ က ပြည်သူ့ရှေ့ မှာ အမြဲ ရှိနေမယ်” ဆိုပြီ ကိုကိုကြီး စကားလေးပြောမယ်။ (၈၈ တုန်းက ကျုပ်က ပြည်သူတွေ ရဲ့  ရှေ့ ဆုံးကပါ၊ လူအုပ်နဲ့ ကျုပ်ကြား မှာ စစ်တပ်ပဲ ခြားတာ)။  သမ္မတ ရွေးကောက်ပွဲ ကြရင် တော့ လည်ပင်းလေး လူပ်ပြီး ~~~~~~~~~~~~~~~~ အရေး ကြီးတာ Rule of Law ပဲ၊ ဥပဒေ စိုးမိုးမူ မရှိရင် ဘာမှ လုပ်လို့ မရဘူး။ ကျွန်တော်သမ္မတဖြစ်ရင် ပြည်သူ အကုန်လုံး လုံခြုံ စိတ်ချရတဲ့ ဘ၀ပိုင်ဆိုင် ရဖို့ အာမခံတယ်” ဆိုပြီး ဒေါ်စု အထာလေးနဲ့ မဲဆွယ်မယ်။  သမ္မတ ဖြစ်သွားပြီး ဆိုရင်တော့ “ ၆၅ နှစ်လုံး လုံး အသုံးမကျ တဲ့ လူတွေ ဖျတ်စီးထားခဲ့တာ ချက်ခြင်း ပြင်ဖို့တော့ ဘယ်လွယ်မလဲ၊ we need time, we need time,” ဆိုပြီး ၀န်ကြီး ဦးစိုးသိန်း လို စပ်ဖြီးဖြီး နဲ့ ပြောမယ်။  ကဲ မကျေနပ် လို့ ပြည်သူတွေ ဆန္ဒပြ ကြရင်တော့ ဟန်ဝင်းအောင်စတိုင်နဲ့     လူတွေ အခကြေးငွေ ယူပြီး ဆန္ဒ ပြကြတာမဟုတ်ပါဘူး၊ တိုင်းပြည် က အကောင်းဘက်ကို ဦးတည်နေတဲ့အချိန်မှာ  ပွင့်လင်းဖို့ လိုပါတယ်” ပေါ့။။  အော် တခုပဲ~~~ အင်္ဂလိပ်စကား ကိုယ်ဖိ ၊ ရင်ဖိ သင်ပေးမယ့် အမေရိကန် မလေးတယောက် ယူရင်ကောင်းမလား လို့ ၊ တော်ကြာ မင်းကိုနိုင် လို ငပိသံ နဲ့ အင်္ဂလိပ် စကား ပြောမိရင် ဝေဖန်ခံရမှာ စိုးလို့ပါ။။   Zaw Z Tun          

ပြည်ပြေးပြီး အမေရိကား မှာ နေရတာ ဘာမှ အကျိုး မဖြစ်လို့ မြန်မာပြည်ပြန် ပြီး သမ္မတ လုပ်ရင် ကောင်းမလား စဉ်းစားမိတယ်။

မြန်မာပြည်ပြန်မယ်၊ ရောက်တာနဲ့ မိုးသီး လို ဗိုက်ပူကား ခေါင်မိုးပေါ်တက်ပြီး (စင်မရှိလို့) မင်္ဂလာပါ၊ ကျွန်တော်ပြန်လာပါပြီ၊ ဆိုပြီး ပြည်သူတွေ ကို နုတ်ဆက်မယ်၊ ပြီးတော့ “ တိုက်ရ မယ်ဆိုရင် ကျုပ်တို့ က ပြည်သူ့ရှေ့ မှာ အမြဲ ရှိနေမယ်” ဆိုပြီ ကိုကိုကြီး စကားလေးပြောမယ်။


(၈၈ တုန်းက ကျုပ်က ပြည်သူတွေ ရဲ့  ရှေ့ ဆုံးကပါ၊ လူအုပ်နဲ့ ကျုပ်ကြား မှာ စစ်တပ်ပဲ ခြားတာ)။

ငါးသေးသေးလေး များ စားသုံးပေးခြင်းဖြင့် အ၇ိုးပွေ၇ာဂါ ကာကွယ်နိုင်...

Photo: ငါးသေးသေးလေးများ စားသုံးပေးခြင်းဖြင့် အရိုးပွရောဂါ ကာကွယ်နိုင် ===================================  ယခုရက်ပိုင်းတွင် ဈေးများ၌ ခေါင်းတစ်ရာသားဟု ခေါ်ကြသော ငါးသေးသေး လေးများ ပေါပေါများများ ဝယ်ယူလျက်ရှိကြောင်း သိရသည်။  ထိုငါးလေးများမှာ အလွန်သေးငယ်သည့် ငါးသလဲထိုး ငါးမျိုးနှင့် ငါးမှုန်လေးခေါ် ငါးသေးသေးလေးများ ဖြစ်သည်။ ရာသီပေါ် ဖြစ်သဖြင့် လတ်ဆတ်ပြီး တစ်ဆယ် ကျပ်သားလျှင် ငါးရာ ကျပ်ဝန်းကျင်သာ ဈေးရှိသဖြင့် အိမ်ရှင်မများ အတွက်လည်း ဈေးသုံးချွေတာရာ ရောက်သည်။  ခေါင်းတစ်ရာသား ငါးကလေးများကို နံနံပင်၊ ပင်စိမ်းရွက်များအုပ်၍ ငါးလေး အိုးကပ်ချက် စားလျှင် အလွန်နှုတ်မြိန်ပြီး ခံတွင်းတွေ့စေသည်။ ငါးသလဲထိုး လေးများကို ဆန်မှုန့် အနှစ်ဖြင့် အကြော် ပြုလုပ်၍လည်း စားသုံး ကြသည်။ ဆီပြန်ဟင်းလည်းချက်၍ စားနိုင်သည်။ ငါးလေးများကို အရိုးပါ ဝါးစားခြင်းဖြင့် အရိုးအဆစ်ကို သန်မာစေနိုင်ပြီး အရိုးကျိုးလွယ် ခြင်းကို ကာကွယ် နိုင်သည်။  လွန်ခဲ့သော သက္ကရာဇ်၂ဝဝဝ ပြည့်နှစ်မှ ၂ဝ၁ဝပြည့်နှစ် အထိ (၁ဝ)နှစ်ကို'' အရိုးအဆစ် ဆယ်စုနှစ်'' အဖြစ် ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး WHO မှ သတ်မှတ် ခဲ့သည်။ ထိုကဲ့သို့သတ်မှတ် ရခြင်းမှာ ကမ္ဘာပေါ်တွင် အရိုးကျိုးသူ၊ အဆစ်ရောင် လေးဘက်နာ ဖြစ်သူများ တိုးပွားများပြားလာခြင်းကြောင့် ဖြစ်သည်။ အရိုးမကျိုးစေရန်အတွက် ကာကွယ်ရန် ဗီတာမင်စီ ရရှိစေ နိုင်သော နေရောင်ခြည် ခံခြင်းနှင့် ကယ်လစီယံဓာတ် ကြွယ်ဝသော နို့နှင့် ငါးများ အရိုးပါ ဝါးစားခြင်းကို ဆရာဝန်များက အကြံပြုလာ ကြသည်။  Read Mroe == > http://myawady.com.mm/health/preventing/item/12328-2013-04-27-10-04-21

ယခုရက်ပိုင်းတွင် ဈေးများ၌ ခေါင်းတစ်ရာသားဟု ခေါ်ကြသော ငါးသေးသေး လေး များ ပေါပေါ များများ ဝယ်ယူလျက်ရှိကြောင်း သိရသည်။

ထို ငါးလေးများမှာ အလွန်သေး
ငယ် သည့် ငါးသလဲထိုး ငါးမျိုးနှင့် ငါးမှုန်လေးခေါ် 

ငါးသေးသေးလေးများ ဖြစ်သည်။ ရာသီပေါ် ဖြစ်သဖြင့် လတ်ဆတ်ပြီး တစ်ဆယ် ကျပ်သားလျှင် ငါးရာ ကျပ်ဝန်းကျင်သာ ဈေးရှိသဖြင့် အိမ်ရှင်မများ အတွက် လည်း ဈေးသုံးချွေ တာရာ ရောက် သည်။ 

 ခေါင်းတစ်ရာသား ငါးကလေးများကို နံနံပင်၊ ပင်စိမ်းရွက်များအုပ်၍ ငါးလေး အိုးကပ်ချက် စားလျှင် အလွန်နှုတ်မြိန်ပြီး ခံတွင်းတွေ့စေသည်။ ငါးသလဲထိုး လေးများကို ဆန်မှုန့် အနှစ်ဖြင့် အကြော် ပြုလုပ်၍လည်း စားသုံး ကြသည်။ ဆီပြန်ဟင်းလည်းချက်၍ စားနိုင်သည်။ 

ငါးလေးများကို အရိုးပါ ဝါးစားခြင်းဖြင့် အရိုးအဆစ်ကို သန်မာစေနိုင်ပြီး အရိုးကျိုးလွယ် ခြင်းကို ကာကွယ် နိုင်သည်။


Tuesday, June 18, 2013

အနှိုင်းမဲ့ ၇နံ့ [ ၁ ]

                     အ၇ှင်ဆန္ဒာဓိက [ေ၇ွှပါ၇မီတော၇]

                                          အနှိင်းမဲ့၇နံ့ [၁]

       လောကမှာ ၇ှိ၇ှိသမျှ ၇နံ့အားလုံးထဲမှာ ကိုယ်ကျင့်သီလဟာ ' အနှိင်းမဲ့၇နံ့ ' ဖြစ်ပါတယ်..        ကိုယ်ကျင့်သီလ ၇နံ့နဲံ့ လဲလှယ်သင့် လဲလှယ်ထိုက်တဲ့၇နံ့ လောကမှာ မ၇ှိတော့တဲ့ အတွက် ကိုယ်ကျင့် သီလဟာ အနှိင်းမဲ့၇နံ့ ဖြစ်ပါတယ်..

 ၇နံ့တိုင်းမှာ သူ.ပင်ကိုယ် သဘာဝ နဲ့သူ မွှေးပျံ. သင်းကြိုင်တဲ့ဓာတ် ၇ှိပါတယ်..ပြီးတော့ ပတ်ဝန်းကျင်ကို သူ့၇ဲ့ အမွှေးဓာတ် ပျံ.နုံ့အောင် ဇြန့်တတ်တဲ့ သတ္တိ ၇ှိပါတယ်..

Wednesday, June 12, 2013

မလေးရှားရောက် မြန်မာများအတွက် အကူအညီပေးမည့် ဧရာဝတီဖောင်ဒေးရှင်း


မလေးရှားရောက် မြန်မာများအတွက် အကူအညီပေးမည့် ဧရာဝတီဖောင်ဒေးရှင်း လာမည်



မင်္ဂလာပါ.....
ကျွန်တော်တို့ လက်ရှိ မလေးရှားမှာ ဒုက္ခရောက်နေ တဲ့ မြန်မာနိုင်ငံ သား အားလုံးအတွက် မြန်မာနိုင်ငံမှ အထူးအကူအညီပေးမည့်အဖွဲ့   အဖြစ် ဧရာဝတီဖောင်းဒေးရှင်း Organization မနက်ဖြန် လာရောက် မည့်အကြောင်း မြန်မာနိုင်ငံသားအားလုံးသိရှိရန် အသိပေးအကြောင်း  ကြားရပါတယ်ခင်ဗျာ ။

အားလုံး သိရှိထားတဲ့အတိုင်း လက်ရှိ အဖမ်းခံထားရ တဲ့ မြန်မာနိုင်ငံ သားများ ၊ ကန့်ထဲရှိ မြန်မာနိုင်ငံသားများ နှင့် လက်ရှိဆေးရုံတွင် တက်ရောက်ဆေးကုသမှုခံယူနေရတဲ့ မြန်မာနိုင်ငံသားများကို မည် သည့် လူမျိုး မည်သည့်ဘာသာဖြစ်စေ ကူညီသွားမည့် အကြောင်း ကို မြန်မာနိုင်ငံမှ လာရောက်မည့် အဖွဲ့မှ ယနေ့ ဖုန်းဖြင့် ပြောကြား သွား ပါတယ် ။

ထို့အပြင် မလေးရှားရှိ မြန်မာနိုင်ငံသို့ပြန်ရန် အခက်အခဲရှိသူများ အား လုံး ကို တာဝန်ရှိသူများနှင့် ညှိနှိုင်းကာ ထိရောက်စွာ ကူညီ သွားမည့် အကြောင်းကို အဆိုပါ ဧရာဝတီဖောင်ဒေးရှင်းမှ ကတိပေးပြေားကြား သွားတာကိုလဲ သိရပါတယ်ခင်ဗျာ ။

KOREA မှ ချာတိတ်လေး Sungha Jung၏ ဂစ်တာ လက်စွမ်းပြတီးခတ်မှုပါ....

      
     ** KOREA မှ ချာတိတ်လေး  Sungha Jung  ၏ လေးစားစ၇ာ ဂီတာ ပညာလေးပါ.